HEART JELLY

၆ယောက်စာ

ပါဝင်ပစ္စည်းများ

အသည်းပုံဂျယ်လီ

  • ရေ ၂၀၀ မီလီလီတာ
  • နို့ ၃၀၀ မီလီလီတာ
  • ဂလက်တင်းမှုန့် ၆ ဂရမ်
  • Equal Gold Zero Calorie Sweetener ၁၆ ချောင်း
  • အရောင် ၄ရောင်

ဂျယ်လီ

  • ရေ ၇၀၀ မီလီလီတာ
  • ဂလက်တင်းမှုန့် ၈ ဂရမ်
  • Equal Gold Zero Calorie Sweetener ၂၅ ချောင်း

ပြင်ဆင်ထားခြင်း

အသည်းပုံဂျယ်လီအတွက်

  1. ရေကို ဆူအောင် တည်ထားပါ။ ဂလက်တင်းမှုန့်ထည့်ပြီး ပျော်ဝင်သည်အထိ မွှေပါ။
  2. နွားနို့ထည့်ပြီး မီးကို အလယ်အလတ်အနေအထားထားပါ။ ထို့နောက် Equal Gold Zero Calorie Sweetener ကိုထည့်မွှေပါ။
  3. ဆူပွက်သည်အထိ မီးအလယ်အနေအထားဖြင့် အပူပေးပါ။ ထိုနောက် မီးကို ပိတ်ပြီး အိုးကို ချလိုက်ပါ။
  4. ထိုအရည်ကို ၄ပုံခွဲထားပါ။
  5. တစ်ပုံလျှင် အရောင် တစ်ရောင်နှုန်း ထည့်မွှေပါ။
  6. ထို့နောက် အသည်းပုံခွက်ထဲတွင် ထည့်ပြီး ရေခဲသေတ္တာထဲတွင် ၁၀-၁၅ မိနစ် အထိထားပြီး အအေးခံပါ။

ဂျယ်လီအတွက်

  1. ရေကို ဆူအောင် တည်ထားပါ။ ဂလက်တင်းမှုန့်ထည့်ပြီး ပျော်ဝင်သည်အထိ မွှေပါ။ မီးကို ပြန်ပိတ်ထားပါ။
  2. Equal Gold Zero Calorie Sweetener ထည့်မွှေပါ။ ၅-၁၀မိနစ်ခန့်အအေးခန့်ထားပါ။
  3. အသည်းပုံဂျယ်လီတုံးသေးများကို ပိုကြီးသော အသည်းပုံခွက်ထဲသို့ ပြောင်းထည့်ပါ။
  4. ထိုနောက် အအေးခံထားသော ဂျယ်လီအနှစ်များထည့်ပြီး ၁ နာရီခန့် ရေခဲသေတ္တာထဲ ထည့်ထားပါ။
  5. ဂျယ်လီအသား မာလာပါက ခွက်ထဲမှာ ထုတ်ပြီး သုံးဆောင်နိုင်ပါသည်။

၆ယောက်စာ

 

 

Nutrition Information (per serving)

6 servings
Calories: 25 kcal / 1 serving