NO-BAKE ORANGE CREAM CHEESECAKE

သုံးဆောင်နိုင်ပါပြီ

ပါဝင်ပစ္စည်းများ

မုန့်အကာသား

  • ဂရေဟမ်ခရပ်ကာ ပေါင်မုန့်စ ၁ခွက်
  • အရည်ပျော်နေသော ထောပတ် စားပွဲတင်ဇွန်း ၃ဇွန်း
  • Equal Classic ဇီးရိုးကယ်လိုရီ အချို ၅ထုတ်

ချိစ်ကိတ်မုန့်

  • လိမ္မောရည် ၁ခွက်
  • အနံ့မရှိသော ကျောက်ကြော ၁ထုတ် (၁/၄အောင်စ)
  • ပျော့ပြောင်းသော အဆီထုတ်ထားသည့် ခရင်မ်ချိစ် ၂ထုတ် (တစ်ထုတ်လျင် ၈အောင်စ
  • မလိုင်ထုတ်ထားသော ရီကိုတာ ချိစ် ၁ခွက်
  • Equal Classic ဇီးရိုးကယ်လိုရီ အချို ၁၈ ထုတ
  • လိမ္မော်အနံ့ စားပွဲတင်ဇွန်း ၁ဇွန်း
  • အပေါ်ယံအတွက် သုပ်လိမ်းရန် ၂ခွက်
  • အရည်ညှစ်ထားသော လိမ္မောရည် ၁ခွက် (၁၁ အောင်စ)
  • လိမ္မောသီးစိတ်များ၊ လိုအပ်ပါက
  • ပူစီနံရွက်များ၊ လိုအပ်ပါက

ပြင်ဆင်ထားခြင်း

  1. မုန့်အကာသားအတွက် ပါဝင်ပစ္စည်းများအားလုံကို ရောပါ။ ၉လက်မ မုန့်ဖုတ်ဒယ်အိုး၏ အောက်ခြေတွင် ထားပါ။ ချိစ်ကိတ်ကို ပြင်ဆင်နေစဉ် အအေးခံထားပါ။
  2. ချိစ်ကိတ်အတွက်၊ မုန့်ဖုတ်ဒယ်ထဲသို့ လိမ္မော်ရည်ကို လောင်းထည့်ပါ. ကျောက်ကျောကို လိမ္မော်ဖျော်ရည်ပေါ်မှ ဖြန်းပါ။ ၁မိနစ် ပျော့အောင်ထားပါ။ အပူအနည်းငယ် ပေးပါ၊ ပုံမှန်မွှေပေးပါ၊ ကျောက်ကျောများ ပျော်ဝင်သွားသောအခါ အပူပေးခြင်းကိုရပ်ပါ။
  3. ခရင်မ်ချိစ် နှင့် ရီကော်တာ ချိစ်ကို ရောနယ်ပြီး မွှေစက်ထဲထည့်ကာ အလယ်အလတ်အရှိန်ဖြင့် ချောမွေ့သွားသည်အထိ မွှေပါ။ Equal Classic ဇီးရိုးကယ်လိုရီ အချို နှင့် လိမ္မော်သီအနံ့တို့ကို ရောမွှေပါ။ ချိစ်အရောထဲသို့ ကျောက်ကျော အရောကို ထည့်ပြီး ချောမွေ့သည်အထိ မွှေပေးပါ။ မုန့်နှစ်များ အတော်အတန် ပျစ်ခဲလာသည်အထိ ၂၀ မှ ၃၀မိနစ်အထိ အအေးခံပါ။ ခရင်မ်များ၊ လှီးဖြတ်ထားသော လိမ္မော်သီးများ အပေါ်ယံတွင် ထားပါ။ မုန့်အနှစ်ကို ဇွန်းဖြင့်ခပ်ယူပါ။ ဖုံးအုပ်ပြီး နာရီပေါင်းများစွာ သို့မဟုတ် တစ်ည အအေးခံပါ။
  4. သုံးဆောင်ရန်၊ မုန့်ထည့်ထားသော သတ္တုခွက် ပတ်လည်ကို မုန့်အနည်းငယ် ချောင်ထွက်စေရန် အနည်းငယ်ပုတ်၍ခါယမ်းပါ။ ဒယ်အိုးထဲမှ ထုတ်ပါ။ စားသုံးမည့် တစ်ခုချင်းစီကို လိုအပ်ပါက လိမ္မော်သီ အစိတ်များ ပူစီနံအရွက်များဖြင့် အလှဆင်ပါ။

သုံးဆောင်နိုင်ပါပြီ

 

Nutrition Information (per serving)

Calories: 183
Protein: 5 g
Carbohydrates: 15 g
Fat: 11 g
Cholesterol: 32 mg
Sodium: 165 mg

Exchanges

Fat – 2
Starch – 1/2