Products Overview

Equal Classic Zero Calorie Sweetenerfaq-classic

သင့်အနေဖြင့် သကြား နှင့် ကယ်လိုရီ မစားသုံးတော့ဘဲ အချိုအရသာကို ပြန်ခံစားနိုင်ပါပြီ။ ကိုယ်အလေးချိန် ထိန်းဖို့ပဲဖြစ်ဖြစ်၊ သကြားစားသုံးမှု လျှော့ချဖို့ပဲဖြစ်ဖြစ် Equal Classic Zero Calorie Sweetener ကို ကယ်လိုရီလုံးဝမပါဝင်တဲ့ အချိုအရသာအတွက် မုန့်ဖုတ်ခြင်း၊ အအေးနှင့် အစားအစာတွေမှာ ထည့်သုံးနိုင်ပါတယ်။

Equal 3in1 Coffeefaq-classic

Equal 3in1 ကော်ဖီဟာ ကော်လဂျင်ပါဝင်ပြီးသားဖြစ်တဲ့ ကော်ဖီပဲဖြစ်ပါတယ်။ အထူးရွေးချယ်ထားတဲ့ ပါဝင်ပစ္စည်းများကြောင့် Equal 3in1 ကော်ဖီဟာ အရသာအနေဖြင့်ထူးခြားပြီး နေ့စဉ်သောက်သုံးနေကြကော်ဖီတွေထက် အကျိုးထူးတွေကို ခံစားရမှာပဲဖြစ်ပါတယ်။

Equal Gold Zero Calorie Sweetenerfaq-gold

သင် စားသုံးနေကြ သကြားနှင့် ကယ်လိုရီကို မသုံးတော့ဘဲ အချိုအရသာကို ခံစားလို့ရနေပါပြီ
Equal Gold Zero Calorie Sweetener အထုတ်ချောင်းတွေက သင့် ကော်ဖီ သို့ လက်ဖက်ရည် သို့ ကွေကာနှင့် အသီးတွေမှာ ထည့်စားဖို့ အသင့်တော်ဆုံးပါပဲ။

မကြာခဏမေးတတ်သောမေးခွန်းများ

Equal ဆိုတာဘာလဲ?

  • Equal ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ကမ္ဘာ့ဈေးကွက်မှာ ကယ်လိုရီလုံးဝမပါတဲ့ ဆီးချိုသကြားပဲဖြစ်ပါတယ်။

  • Equal မှ ပါဝင်ပစ္စည်းတွေကို သကြားအရသာရအောင် တမူထူးခြားတဲ့ပေါင်းစပ်မှုတွေနဲ့ စားသုံးပြီး အခါးအရသာ မကျန်အောင် ထုတ်လုပ်ထားခြင်းပဲ

Equal ထုတ်ကုန်များအမျိုးအစားများ?

  • သကြားအထုတ်ချောင်းများ

  • သကြားခဲများ

  • Granular ( ဈေးကွက်အားလုံးတွင်မရရှိနိုင်သေးပါ။)

What is the sweetness equivalence ofသကြားနှင့် Equal ဆီးချိုသကြား အချိုအရသာ အတိုင်းအတာ ?

Screen-Shot-2019-06-25-at-5.42.17-PM-1

Equal ဆီးချိုသကြားကို အချိုအရသာအတွက်က သကြားအစားထိုးသုံးနိုင်ပါသလား။

  • အသုံးပြုနိုင်ပါတယ်။ အချိုအရသာကဲအောင် သကြားအစားထိုးအသုံးပြုနိုင်ပါတယ်။ Equal ဆီးချိုသကြားသည် အချိုအရသာအတွက် ဖြစ်ပြီး သကြားကဲ့သို့ အရောင်အဆင်းနဲ့ အခဲလိုက်ပုံစံမျိုးအတွက် မရနိုင်ပါ။ သို့သော် သကြားအတိုင်း ချိုသောအရသာကို အထောက်အပံ့ပေးပါတယ်။ (ဥပမာ – သစ်သီးအရသာမုန့်များ၊ ချိစ်ကိတ်များ၊ အခြားမုန့်များအတွက်)

  • ဟင်းချက်ခြင်း/မုန့်ဖုတ်ခြင်းအတွက် Equal Gold Granular (အိတ်ဖြင့်) ကအကောင်းဆုံးပါ။ သကြားနှင့် နှိုင်းယှဉ်ချက်ကို လေ့လာကြည့်ပါ။

  • နှိုင်းယှဉ်ချက်

Screen-Shot-2019-06-25-at-5.42.17-PM-2

Equal Classic Equal Gold / Equal Stevia / Naturals Stevia ဆီးချိုသကြားများထဲမှ ပါဝင်ပစ္စည်းတွေကို ဖော်ပြပါ။?

  • Equal Classic – aspartic အက်ဆစ်နှင့် phenylalanine အက်ဆစ် အမည်ရှိ ပရိုတင်းဓါတ်များသော အမိုင်နိုအက်ဆစ် ၂မျိုးပါဝင်သော Aspartame မှ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။၎င်းတို့ကို မူလကတည်းက ပရိုဓါတ်ရှိသည့် အသားများ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အခွံမာသီး၊ နှင့် အစေ့အဆန်များတွင် အများဆုံး တွေ့ရှိရသည်။

  • Equal Gold (ဆီးချိုသကြားချောင်းနှင့် granular) – Sucralose ကို အဓိကအချိုအစားထိုးပါဝင်ပစ္စည်းအဖြစ်အသုံးပြုထားပါသည်။ သကြားမှပြုလုပ်ထားခြင်ဖြစ်သော်လည်း သကြားကဲ့သို့ ကယ်လိုရီမပါရှိပါ။ အပူထိန်းသော အချိုအရသာရှိ ပါဝင်ပစ္စည်းဖြစ်ပြီး သင်အနှစ်သက်ဆုံး ဟင်းလျာများ ချက်ပြုတ်ရာ နှင့် မုန့်ဖုတ်ရာမျိုးတွင် အသုံးပြုနိုင်ပါသည်။

  • Equal / Naturals Stevia – ပင်စိမ်းရွက်မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၄င်းတို့ကို ရေပူထဲ စိမ်ထားကာ အရွက်၏ အချိုဆုံးနေရာများမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထိုနောက် ရရှိလာသော အချိုများကို စစ်ထုတ်ပြီး သန့်စင်ထားသည်။

aspartame က ဘေးအန္တရယ်ကင်းပါသလား?

  • ဘေးအန္တရာယ်ကင်းပါသည်။ Aspartame ကိုအမိုင်နိုအက်စစ် (၂)မျိုးမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၄င်းတို့သည် ပရိုတင်းဓါတ်အပြည့်အဝပါဝ Aspartame ပါဝင်သည့် အစားအစာနှင့် အရည်များကို စားသောက်သည့်အခါ အသား၊ ငါး၊၊ ကြက်ဥ၊ နို့်နှင့် အခြားသော နို့ထွက်ပစ္စည်းများ၊ ပဲ၊ အခွံမာသီးများနှင့် အစေ့အဆန်များတွင် ပါဝင်သော၎င်းအချိုဓါတ်သည် မူလပါဝင်သည့်အတိုင်း ခန္ဒာကိုယ်အတွင်းသို့ ကွဲဝင်သွားသည်။ Aspartame သည် ကိုယ်အလေးချိန်ကို လျော့ချပေးသည်တော့မဟုတ် ။ ၄င်း၏ဘေးအန္တရယ်ကင်းရှင်းမှုကို အမေရိကန်ရှိ အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးအဖွဲ့ (FDA) နှင့် ဥရောပအစားအသောက်ဘေးအန္ဒရယ်ကင်းရှင်းရေးထိန်းချုပ်မှုအဖွဲ့ (EFSA) ( ယခင် သိပ္ပံနည်းကျ အစားအသောက်စစ်ဆေးရေးအဖွဲ့(SFC) နှင့် ဥရောပရှိ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ / ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ပူးပေါင်းပါဝင်သော  အစားအသောက်ထိန်းသိမ်းရေး ကော်မတီ အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးအဖွဲ့(JECFA) မှ ဆယ်ရာစုနှစ် (၄)ခုအတွင်း အကြိမ်(၅၀၀)ထက်မနည်း စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဈေးကွက်တွင် နှစ်ပေါင်း(၃၀)ကျော်ရှိခဲ့ပြီးဖြစ်သသည်။

Difference of Equal Classic and Equal Gold?

  • Equal Classic အပြာရောင်ဟာ ကော်ဖီနှင့် လက်ဖက်ရည်အတွက်အသုံးပြုနိုင်ပါတယ်။ Equal Gold အဝါရောင်ကတော့ မုန့်ဖုတ်ခြင်းနှင့် ဟင်းချက်ရာတွင် သုံးနိုင်ပါတယ်။

အွန်လိုင်းပေါ်တွင် မြင်ရသည့် aspartame ၏ဆိုးကျိုးများသည် မှန်ပါသလား?

  • မမှန်ပါဘူး။ သို့သော် ထိုအကြောင်းများသည် အွန်လိုင်းပေါ်တွင် ကျယ်ပြန်စွာပြန့်နှံလျက်ရှိနေပါသည်။ သိပ္ပံနည်းကျ နည်းမှန်လမ်းမှန် စစ်ဆေးမှုမရှိသောကြောင့် ထိုသို့ ဆိုးကျိုးများ ပျံနှံလျက်ရှိခြင်းပင်ဖြစ်သည်။ သို့သော်များပြားလှသော စစ်ဆေးမှုများမှလည်း ကျန်းမာရေးနှင့်ပတ်သတ်ပြီး aspartame တွင်ဆိုးကျိုးမရှိကြောင်း သိရှိနိုင်သည်။

Aspartame ပါဝင်သောပစ္စည်းများကို ဘယ်လိုခွဲခြားသိနိုင်သလဲ။

  • Aspartameကိုအအေးများ၊အင်အားပြည့်အချိုရည်များ၊ပူတင်းများ၊ ဂျယ်လီများ၊ အအေးခဲအချိုပွဲများ၊ ဒိန်ချဉ်၊ ကိုးကိုးမှုန့်၊လက်ဖက်ရည်မှုန့်၊ ပူရှိန်း ၊ပီကဲနှင့် အခြား ဗီတာမင်ခဲနှင့် အေးခဲအစားအစာများတွင်ကျယ်ပြန်စွာ အသုံးပြုထားကြသည်။

Aspartame ကို မည်သူတို့အသုံးပြုနိုင်သလဲ။

  • ကျန်းမာရေးအတွက် လူတိုင်းအသုံးပြုနိုင်ပါသည်။ အားအင်လိုအပ်သည့် ကလေးများနှင့် နို့တိုက်မိခင်များ အပြင် အခြားသော ကြီးထွားးမှုရည်ရွယ်ချက်အတွက် လိုအပ်သော စွမ်းအင် ပမာဏအတွက် ဆရာဝန်များနှင့် တိုင်ပင်ပြီး အစားအစာ အာဟာရလိုအပ်ချက်အတိုင်း  အသုံးပြုနိုင်ပါသည်။

Aspartame ၏ ပါဝင်ပစ္စည်းများကိုဖော်ပြပါ။ aspartame ပါဝင်သော ပစ္စည်းများတွင် အဘယ်ကြောင့် phenylalanine ပါဝင်သည်ဟုရေးထားရသနည်း။

  • Phenylalanine သည် aspartame မှ ပါဝင်ပစ္စည်းဖြစ်ပြီး aspartame ကို အစာခြေဖျက်သည့်အခါ ဖြစ်ပေါ်လာသော ဓါတ်ဖြစ်သည်။ ခန္ဒကိုယ် ဖွံဖြိုးမှုအတွက် လိုအပ်သော အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ပရိုတင်းဓါတ်ပါဝင်သော အစားအစာများမှ ရရှိသည်။ အချို့သောလူများတွင် တွေ့ရခဲသော Some phenylketonuria (PKU) ရောဂါ – , phenylalanine နှင့် ဓါတ်မတည့်သော ရောဂါရှိတတ်သဖြင့် ထိုသို့ ပါဝင်သည်ဟုတ် တံဆိပ်တပ်ထားရခြင်းဖြစ်သည်။

Aspartame ကို ကိုယ်တွင်း ဘယ်လိုလက်ခံထားသလဲ။

  • Aspartic အက်ဆစ် နှင့် phenylalanine စသည့်အမိုင်နိုအက်စစ်(၂)မျိုးမှ  Aspartame ရရှိလာခြင်းဖြစ်ပြီး ၄င်းကို အသား၊ ငါး၊ ဥအမျိုးမျိုး နှင့် နို့ထွက်ပစ္စည်းများတွင် တွေ့နိုင်ပါသည်။  ၄င်းသည် မူလပါဝင်သည့်အတိုင်း ခန္ဒာကိုယ်အတွင်းသို့ ကွဲဝင်သွားသည်။

Sucralose ကို ကိုယ်တွင်း ဘယ်လိုလက်ခံထားသလဲ။

  • စားသုံးသည့်အခါ sucralose ကိုခန္ဒာကိုယ်မှ ၈%မှ ၂၀%အထိသာ လက်ခံပြီး လက်မခံသည့်ပိုလျှံဓါတ်များကို ဆီးမှတစ်ဆင့် စွန့်ထုတ်စေပါသည်။

Stevia ကို ကိုယ်တွင်း ဘယ်လိုလက်ခံထားသလဲ။

  • Stevia သည်ကိုယ်တွင်း စိမ့်ဝင်ပြီး ပိုလျှံဓါတ်များကို ဆီးမှ တစ်ဆင့် စွန့်ထုတ်စေပါသသည်။

Equal ဆီချိုသကြားများသည် မည်သည်နိုင်ငံမှ ထုတ်လုပ်ထားသနည်း။

  • အာရှ/ အရှေ့တောင်အာရှဒေသများတွင် :

  • Equal Classic sticks, Equal Gold sticks နှင့် Granular ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပါသည်။

  • Equal Stevia နှင့် Naturals Stevia ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပါသည်။

  • Equal Classic Tablets နှင့် Equal Stevia Tablets ချက်ပြည်သူ့သမ္မတနိုင်ငံ တွင် ထုတ်လုပ်ပါသည်။

Equal ဆီးချိုသကြားများဖြစ်သည့် (Equal Classic Gold, Stevia) နှင့်  Naturals Stevia တို့သည် အန္တရာယ်ကင်းပါသလား။

  • ကင်းပါသည်။ ကျွန်ုပ်တို့၏ဆီးချိုသကြားအားလုံးကို ဘေးကင်းအောင် သေချာစစ်ဆေးပြီးမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ပါဝင်ပစ္စည်းများကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲနှင့် US FDA တို့မှ ရာစုနှစ် (၃)ခုအတွါင်း လေ့လာမှုပေါင်း (၂၀၀) ကျော်ပြုလုပ်ပြီး အတည်ပြုထားခြင်းဖြစ်သည်။

Equal ဆီးချိုသကြားများ GMO ပါဝင်ပါသလား။ (ပြုပြင်ပြောင်းလဲထားသော ဓာတုပစ္စည်းများ)

  • Equal ဆီးချိုသကြားများတွင် GMO/ GMO ပါဝင်ပစ္စည်းများ လုံးဝမပါပါဝင်ပါ။

Equal ထုတ်ကုန်များကို ဆီးချိုရှိသူများ အသုံးပြုနိုင်သလား။

  • အသုံးပြုနိုင်ပါသည်။ ဆီးချိုသမားများအတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာ့ပေါ်ရှိ ဆီးချိုနှင့်သက်ဆိုင်သော ကျန်းမာရေးအဖွဲ့မှ သကြားအစားထိုးအသုံးပြုနိုင်ကြောင်း အတည်ပြုထားခြင်းဖြစ်သည်။ Equal ဆီးချိုသကြားများကို အချိုရည်နှင့် အခြားသော ကယ်လိုရီနည်းသည့်အစားအစာများတွင် အချိုဓါတ်ရအောင် အသုံးပြုနိုင်သည်။ ဆီးချိုရောဂါဝေဒနာရှင်များအတွက် အသုံးပြုသော ပမာဏကို ချိန်ဆမှတ်သားထားရန် လိုအပ်ပါသည်။

  • Equal sweetener ထုတ်ကုန်များဟာ ဆီးချိုရှိသူများများအတွက် သကြားအစားထိုးအနေဖြင့် သုံးဆောင်နိုင်ပါသည်။ ကမ္ဘာ့တစ်ဝန်းရှိ ဆီချိုသွေးချို ကာကွယ်ရေး အဖွဲ့အစည်းများမှလည်း Equal ကိုသကြားအစားထိုးအနေဖြင့် သုံးဆောင်နိုင်ပြီး ကယ်လိုရီနည်းသော အချိုရည်များတွင်လည်း အချိုအနေဖြင့် သုံးနိုင်ကြောင်း အသိအမှတ်ပြုထားပါသည်။ဆီးချိုသွေးချို ခံစားနေရသူများအတွက်လည်း ကယ်လိုရီနှင့် ကာဗွန်ဟိုက်ဒရိတ် ဓါတ်များကို ချိန်ဆ သုံးဆောင်ရသဖြင့်လိုအပ်ပါသည်။

Is it safe for people with cancer?

  • Equal Sweetener တွေဟာ အန္တရာယ်ကင်းပါတယ်။ အစားအစာနှင့် အအေးများတွင် တရားဝင်ထည့်သွင်းအသုံးပြုခြင်း မပြုမီ အစားအသောက် ဘေးကင်းရေး အဖွဲ့အစည်းများထံတင်ပြ စစ်ဆေးမှုကို ခံယူရပါသည်။ မြန်မာနိုင်ငံတွင် ရောင်းချနေသော Equal Sweetener များသည် FDA အသိအမှတ်ပြု လက်မှတ်ရရှိပြီးဖြစ်ကာ ကမ္ဘာ့တစ်ဝန်းတွင်လည်း ကျယ်ပြန့်စွာ စစ်ဆေးအသိအမှတ်ပြုခံထားရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ အမေရိကန် အစားအစာနှင့် ဆေးဝါး ကွတ်ကဲရေးအဖွဲ့ FDA နှင့် ဥရောပ အစားအသောက် ကွတ်ကဲရေးအဖွဲ့ EFSA တို့မှ အတည်ပြုပေးထားပါသည်။ သို့သော် ကင်ဆာရောဂါရှင်များအနေဖြင့် မိမိ၏ ဆရာဝန်ထံမှ ညွန်းကြားချက်အတိုင်း သုံးဆောင်သင့်ပါသည်။

Aspartame မှ အစားအသောက်အဆိပ်သင့်မှု သို့ အလာဂျစ်ဖြစ်စေနိုင်သလား။

  • လေ့လာမှုများအရ aspartame အစာချေမှုကြောင့် အစာအဆိပ်သင့်ခြင်းနှင့် အလာဂျစ်ဖြစ်စေသော အကြောင်းအရာများမရှိပါ။

Equal မှ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်သလား။

  • စမ်းသပ်မှုများနှင့် တင်ပြချက်များမှ ကယ်လိုရီမပါဝင်သော ဆီးချိုသကြားများသည် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်သည်။

  • Equal မှကယ်လိုရီ ဇီးရိုးနှင့် အချိုဓါတ်က မလိုအပ်တဲ့ ကယ်လိုရီတွေကို လျော့ချပေးမယ့်အပြင် စိုးရိမ်စရာမလိုဘဲ အချိုကို စားသုံးနိုင်ပါမှာပါ။

Is Equal sugar?

  • Equal ဟာ သကြားမဟုတ်ပါဘူး။ ပရိုဓါတ်ပါဝင်တဲ့ အစားအစာများမှ ပြုလုပ်ထားတဲ့ အချိုဓါတ်ပဲဖြစ်ပါတယ်။

Equal ထုတ်ကုန်ပစ္စည်းများတွင် ကလူတင်းပါဝင်ပါသလား။

  • Equal ထုတ်ကုန်ပစ္စည်းအားလုံး ဂလူတင်းမပါဝင်ပါ။

Equal ထုတ်ကုန်ပစ္စည်းများတွင် မည်သည်က သက်သက်လွတ်စားသူများအတွက် အဆင်ပြေသနည်း။

  • Equal Gold

  • Equal Stevia

  • Naturals Stevia.

  • Equal Classic သကြားထုတ်များနှင့် သကြားခဲများသာ နို့မှ ထုတ်လုပ်ထားသည့်အတွက် သတ်သတ်လွတ်စားသူများအတွက် အဆင်မပြေနိုင်ပါ။

Equal ထုတ်ကုန်ပစ္စည်းများကို ကလးများနှင့် နို့တိုက်မိခင်များအသုံးပြုနိုင်ပါသလား။

  • အသုံးပြုနိုင်ပါတယ်။ ကလေးငယ်များနှင့် နို့တိုက်မိခင်များအတွက် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါသည်။ သို့သော် ကယ်လိုဓါတ်လိုအပ်သော ကလေးငယ်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သည့်ကယ်လိုရီ ဓါတ်ပမာဏများအတွက် ညွှန်းကြားသည့်အတိုင်း စားသုံးပေးနိုင်ပါသည်။

  • Equal ထုတ်ကုန်အားလုံးကို ကလေးနှင့် နို့စို့အရွယ်များ စားသုံးနိုင်သော်လည်း အရမ်းငယ်သော (၃နှစ်အရွယ်ကလေးများအတွက် စားသုံးရန် မသင့်တော်ပါ)။ Equal နှင့် ရောစပ်ထားသော အစားအစာနှင့် အရည်များကို မစားသုံးရဟု ဆိုလိုခြင်း မဟုတ်ပါ။ ကလေးအတွက် လိုအပ်သော ကာဗွန်ဟိုက်ဒရိတ် ဓါတ်များဟာ သကြားထံမှ ရရှိနိုင်တာပါ။ ကျန်းမာဖွံဖြိုးစေရန်အတွက်ပဲ ဖြစ်ပါသည်။ အင်ဆူလင်ကို အထောက်အကူယူနေရသော ကလေးများအတွက် Equal ကို စားသောက်နိုင်ပါတယ်။ ဆီးချိုဖြစ်ကလေးငယ်အတွက် အချိုဓါတ်ကို အန္တရာယ်မရှိပဲ စားသုံးနိုင်မှာပဲဖြစ်ပါသည်။

Equal ထုတ်ကုန်ပစ္စည်းများသည် ဟာလာအမှတ်တံဆိပ်ပါရှိပါသလား။

  • Equal ထုတ်ကုန်အားလုံးမှာ ပါဝင်ပါသည်။

Equal / Naturals Stevia ဆီးချိုသကြားများ၏ သက်တမ်းကုန်ဆုံးမှုကို ဖော်ပြပါ။

  • Equal 0 ကယ်လိုရီ ဆီးချိုသကြားများကို အပူနှင့် စိုထိုင်းဆကင်းသောနေရာများတွင် သက်တမ်း(၃)နှစ်ကြာ အထားခံပါသည်။

  • Equal 3 in1 ကော်ဖီနှင့် နို့လက်ဖက်ရည်များသည် အပူနှင့် စိုထိုင်းဆကင်းသောနေရာများတွင် သက်တမ်း(၁)နှစ်ခွဲကြာ အထားခံပါသည်။

Equal sweetener ကို ရေခဲသေတ္တာတွင်း သိမ်းဆည်းထားရမည်လား။

  • Equal ထုတ်ကုန်များသည် အထုတ်ကို ဖောက်ထားပြီးပါက ရေခဲသေတ္တာထဲထည့်ထားရန် မလိုအပ်ပါ။ ချောသွေ့ပြီး ပုံမှန် အအေးနေရာတွင် ထားနိုင်ပါသည်။

Equal ထုတ်ကုန်ပစ္စည်းများကို မည့်သည့်နေရာများတွင် ရနိုင်သနည်။

  • Equal ထုတ်ကုန်များကို ဒီမှာရှာပါ။: Ocean, Market Place, City Express (CVS), Capital, Seingayhar, Gamonepwint, Gadamar, G&G (CVS), Day to Day, Super one, Fuji Mart, Royal Mart, AM PM, Mi Thar Su, Kyaunk Myaung Market, Ice Land, Yuri Miko, Spirit, Asia Light, Victoria, Orange, Nation Mart (CVS), Daily Mart (CVS) and Pharmacy.

Where can I find Equal 3 in 1 coffee?

  • Equal 3in1 ကော်ဖီများကို City Mart, Ocean နှင့် Market Place တို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။

Can I drink Equal 3in1 coffee more than once a day?

  • Equal ကော်ဖီမှာ ကာဖိန်းဓါတ်ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အကျွံ မသုံးစွဲသင့်ပါဘူး။ တစ်ခါသောက် တစ်ထုတ်သာ သောက်သုံးသင့်ပါတယ်

When can I drink Equal coffee?

  • Equal coffee မှာ ကာဖိမ်းဓါတ်ပါဝင်တဲ့အတွက် နေလည် အစောပိုင်းတွေမှာ သောက်ဖို့ အကြံပြုလိုပါတယ်။ အိပ်ရေးတွေ မထိခိုက်နိုင်တော့ပါဘူး

Does Equal 3in1 coffee promote weightloss/ Can Equal 3in1 coffee be used for weight loss?

  • Equal Coffee က အဆီကျကော်ဖီမဟုတ်ပါဘူး သကြားမပါဝင်တဲ့အတွက် အချိုလျော့စားရမှာ သုံးဆောင်နိုင်ပါတယ် ကိုယ်အလေးချိန်ထိန်းတဲ့အနေနဲ့ သုံးဆောင်နိုင်ပါတယ်

Can I use Equal if I have high blood pressure?

  • Equal Zero Calories Sweetener ဟာ သကြားအစားထိုး အချိုဖြစ်ပြီး အဝလွန်မှုမျိုးမဖြစ်အောင် ကိုယ်အလေးချိန်ထိန်းစားရမှာ စားသုံးသင့်ပါတယ်။ သွေးတိုးရှိတဲ့လူတွေလည်း သုံးဆောင်နိုင်ပါတယ်။

Can I use Equal 3in1 Coffee if I have low blood pressure?

  • သွေးကျရောဂါရှိသူတွေလည်း Equal ကော်ဖီကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သောက်သုံးတာပိုမို ကောင်းမွန်ပါလိမ့်မယ်။

အွန်လိုင်းကတစ်ဆင့် ဝယ်ယူရရှိနိုင်သလား။

  • Equal ဆီးချိုသကြားများကို အွန်လိုင်းမှ တစ်ဆင့်လည်း ဝယ်ယူနိုင်ပါသည်။ (ရနိုင်မည့်နေရာများ)

Product price is so expensive

  • မြန်မာငွေနှင့် ဒေါ်လာကြားငွေဈေးအတက်အကျကြောင့် ဈေးနှုန်းအပြောင်းအလဲရှိသွားတာပါ။ ပစ္စည်းတော်တော်များများကို ရိုက်ခတ်ပြီး ပြောင်းလဲကြပါတယ်။ ဒါပေမယ့် Equal အနေနဲ့ စားသုံးသူအတွက် ရည်ရွယ်ပြီး ဈေးနှုန်းကို အပြည့်အဝ တိုးမြှင့်ခြင်းမရှိသေးပါဘူး။