CHOCOLATE CHIP FUDGIE CUPS

၂ဒါဇင် သုံးဆောင်နိုင်ပါသည်။

ပါဝင်ပစ္စည်းများ

ချောကလက်အပြားမုန့်

  • ထောပတ်ပျော့် ခွက်ဖြင့် ၃ပုံ၁ပုံ
  • ကြက်ဥ၁လုံး
  • ဗနီလာ အနံ့ လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • Equal Classic ဇီးရိုးကယ်လိုရီ အချို ၈ထုတ်
  • တင်းကြပ်စွာထုတ်ပိုးထားသော သကြားညို ခွက်ဖြင့် ၃ပုံ၁ပုံ
  • စွယ်စုံသုံးဂျုံ ခွက်ဖြင့် ၁ခွက်
  • မုန့်ဖုတ် ဆိုဒါ လက်ဘက်ရည်ဇွန်း တစ်ဝက်
  • ဆားလက်ဘက်ရည်ဇွန်း ၄ပုံ၁ပုံ
  • အချိုနည်းသော ချောကလက်ပြား ခွက်ဖြင့် တစ်ဝက်

မုန့်ချိုအသီးမာဌာပနာ

  • မချိုသော ပန်းသီးအနှစ် ခွက်ဖြင့် တစ်ဝက်
  • အငံမပါသော ထောပတ်ပျော့ စားပွဲတင်ဇွန်း ၆ဇွန်း
  • ကြက်ဥ ၂လုံး
  • ဗနီလာအနံ့ လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • Equal Classic ဇီးရိုး ကယ်လိုရီ အချို ၂၄ထုတ
  • စွယ်စုံသုံး ဂျုံ ခွက်ဖြင့် ၄ပုံ၃ပုံ
  • မချိုသော ကိုကိုးမုန့် လက်ဘက်ရည်ဇွန်း ၆ဇွန်း
  • စဉ်းထားသော အခွံမာသီး ခွက်ဖြင့် ၃ပုံ၁ပုံ
  • မုန့်ဖုတ်ပေါင်ဒါ လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • ဆား လက်ဘက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ပီးကန်အစေ့ တစ်ခြမ်း၊ အသုံးပြုလိုပါက

ပြင်ဆင်ထားခြင်း

  1. ချောကလက်အပြား မုန့်အတွက်၊ ထောပတ်ကို မွှေစက်ထဲတွင် နူးအိသည်အထိ မွှေပါ။ ကြက်ဥ နှင့် ဗနီလာကို ကြေညက်သည်အထိ မွှေပါ။ Equal Classic ဇီးရိုး ကယ်လိုရီ အချို နှင့် သကြားညိုကို ကြေညက်သည်အထိ မွှေပါ။ ပါဝင်ပစ္စည်းအခြောက်များ နှင့် ရောပါ။ ချောကလက်ပြားထဲတွင် ထည့်မွှေပါ။ လက်မဝက်ထူသော မုန့်ပြားအဝိုင်းများ ပြုလုပ်ပါ။ ပလက်စတစ်အိတ်ဖြင့် လုံခြုံစွာထုတ်ပိုးပြီး ဌာပနာမုန့်အတွက် ပြင်ဆင်နေစဉ် အအေးခံပါ။
  2. ဌာပနာမုန့်အတွက်၊ ပန်းသီးအနှစ်၊ ထောပတ် နှင့် ဗနီလာများကို ရောမွှေပါ။ ပါဝင်ပစ္စည်းအခြောက်များထဲ ထည့်ပြီး ကြေညက်သည်အထိ မွှေပါ။
  3. မီးဖိုကို 350°F ကြိုတင်အပူပေးပါ။ မီနီမက်ဖင်ခွက် ၂၄ခွက်ကို စက္ကူခင်းပြီး စီတန်းကာ ဘေးတွင်ထားပါ
  4. ချောကလက်ပြားအမုန့်ကို ရေခဲသေတ္တာမှထုတ်ပါ၊ မီနီမက်ဖင်ခွက်များတွင် တစ်ခုစီ လိုက်ထည့်ပါ။ တစ်ခုချင်းစီအပေါ်တွင် အခွံမာမုန့်အနှစ်များ ထည့်ပါ။ လိုအပ်ပါက ပီကန်အစေ့ကိုပါ ထည့်ပါ။
  5. အလယ်သားကျက်သည်အထိ ၁၅မိနစ်မှ မိနစ်၂၀ထိ ဖုတ်ပါ။ မက်ဖင်ဒယ်အိုးထဲတွင် ၅မိနစ်ခန့် အအေးခံပါ။ ဒယ်အိုးထဲမှ ဖယ်ပြီး ဝိုင်ယာစင်ပေါ်တွင် လုံးဝအေးသွားသည်အထိ ထားပါ။

၂ဒါဇင် သုံးဆောင်နိုင်ပါသည်။

 

Nutrition Information (per serving)

Calories: 149
Protein: 1 g
Carbohydrates: 18 g
Fat: 8 g
Cholesterol: 15 mg
Sodium: 1 mg

Exchanges

Fat – 1-1/2
Fruit – 3/4
Carbohydrate – 1/2