HEART JELLY
၆ယောက်စာ
ပါဝင်ပစ္စည်းများ
အသည်းပုံဂျယ်လီ
- ရေ ၂၀၀ မီလီလီတာ
- နို့ ၃၀၀ မီလီလီတာ
- ဂလက်တင်းမှုန့် ၆ ဂရမ်
- Equal Gold Zero Calorie Sweetener ၁၆ ချောင်း
- အရောင် ၄ရောင်
ဂျယ်လီ
- ရေ ၇၀၀ မီလီလီတာ
- ဂလက်တင်းမှုန့် ၈ ဂရမ်
- Equal Gold Zero Calorie Sweetener ၂၅ ချောင်း
ပြင်ဆင်ထားခြင်း
အသည်းပုံဂျယ်လီအတွက်
- ရေကို ဆူအောင် တည်ထားပါ။ ဂလက်တင်းမှုန့်ထည့်ပြီး ပျော်ဝင်သည်အထိ မွှေပါ။
- နွားနို့ထည့်ပြီး မီးကို အလယ်အလတ်အနေအထားထားပါ။ ထို့နောက် Equal Gold Zero Calorie Sweetener ကိုထည့်မွှေပါ။
- ဆူပွက်သည်အထိ မီးအလယ်အနေအထားဖြင့် အပူပေးပါ။ ထိုနောက် မီးကို ပိတ်ပြီး အိုးကို ချလိုက်ပါ။
- ထိုအရည်ကို ၄ပုံခွဲထားပါ။
- တစ်ပုံလျှင် အရောင် တစ်ရောင်နှုန်း ထည့်မွှေပါ။
- ထို့နောက် အသည်းပုံခွက်ထဲတွင် ထည့်ပြီး ရေခဲသေတ္တာထဲတွင် ၁၀-၁၅ မိနစ် အထိထားပြီး အအေးခံပါ။
ဂျယ်လီအတွက်
- ရေကို ဆူအောင် တည်ထားပါ။ ဂလက်တင်းမှုန့်ထည့်ပြီး ပျော်ဝင်သည်အထိ မွှေပါ။ မီးကို ပြန်ပိတ်ထားပါ။
- Equal Gold Zero Calorie Sweetener ထည့်မွှေပါ။ ၅-၁၀မိနစ်ခန့်အအေးခန့်ထားပါ။
- အသည်းပုံဂျယ်လီတုံးသေးများကို ပိုကြီးသော အသည်းပုံခွက်ထဲသို့ ပြောင်းထည့်ပါ။
- ထိုနောက် အအေးခံထားသော ဂျယ်လီအနှစ်များထည့်ပြီး ၁ နာရီခန့် ရေခဲသေတ္တာထဲ ထည့်ထားပါ။
- ဂျယ်လီအသား မာလာပါက ခွက်ထဲမှာ ထုတ်ပြီး သုံးဆောင်နိုင်ပါသည်။
၆ယောက်စာ
Nutrition Information (per serving)
6 servings
Calories: 25 kcal / 1 serving
Recent Comments