ASIAN SALMON SALAD WITH PINK GRAPEFRUIT
သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
- ဆာလမွန်ငါး အသားလွှာ ၂လွှာ
- ဖုတ်ရန်အတွက် သံလွင်ဆီ
- မုန့်ညင်းဖြူထုပ် ၄ပုံ၁ပုံ
- ချက်ထားသော ပဲစိမ်း ၁ခွက်
- လှီးဖြတ်ထားသော ပန်းရောင် ရှောက်ခါးသီးမှည့် ၄ပုံ၁ပုံ
- လှီးဖြတ်ထားသော ကြက်သွန်မြိတ
- ကြက်သွန်နီကြော် စားပွဲတင်ဇွန်း ၁ဇွန်း
- လှီးဖြတ်ထားသော နံနံပင် စားပွဲတင်ဇွန်း ၂ဇွန်း
- လှီးဖြတ်ထားသော ပူစီနံ စားပွဲတင်ဇွန်း ၂ဇွန်း
အလှဆင်ရန်
- သံလွင်ဆီအပျော့ စားပွဲတင်ဇွန်း ၁ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
- Equal Classic ဇီးရိုး ကယ်လိုရီ အချို ၁ထုတ
- ရှောက် သို့မဟုတ် သံပရာရည် စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲအနှစ် စားပွဲတင်ဇွန်း ၁ဇွန်း
ပြင်ဆင်ထားခြင်း
- မီးဖိုကို 180 °C ကြိုတင်အပူပေးထားပြီး 24cm x 18cm မုန့်ဖုတ်လင်ဗန်းပေါ်တွင် မုန့်ဖုတ်စက္ကူကို ခင်းထားပါ။ သံလွင်ဆီ အနည်းငယ် ဖြန်းပြီး ဆာလမွန်ငါးအသားလွှာကို ထားပါ။ ၁၅မိနစ်ခန့် ဖုတ်ပါ။
- ဆာလမွန်ကို ချက်ပြုတ်နေစဉ်၊ မုန့်ညင်းဖြူထုပ်ကို လှီးဖြတ်ပြီး ပန်းကန်လုံးထဲတွင့် ထည့်ပါ။ ဒယ်အိုးကို သံလွင်ဆီထည့် အပူပေးပြီး ပဲစိမ်းများကို ပျော့သွားသည်အထိ ကြော်ပါ။ ဘေးတွင်ခဏထားပါ။
- မီးဖိုမှ ဆာလမွန်ငါးကို ဖယ်ပြီး အပိုင်းလေးများအဖြစ် ညင်သာစွာ လှီးဖြတ်ပါ။
- ပဲစိမ်း၊ ရှောက်ခါးသီး နှင့် ဆာလမွန်ကို မုန့်ညှင်းဖြူထုပ်ထဲသို့ ထည့်ပြီး အပေါ်မှ ကြက်သွန်မြိတ်၊ ကြက်သွန်နီကြော်၊ နံနံပင် နှင့် ပူစီနံတို့ကို ဖြူးပါ။
- အသုပ်အတွက် အလှဆင်ရမည့် ပါဝင်ပစ္စည်းများကို စီစဉ်ပြီး အသုပ်ပေါ်မှ လောင်းပါ။
သုံးဆောင်နိုင်ပါပြီ။
Nutrition Information (per serving)
Serving size 2
Calories: 457 kcal
Protein: 35 g
Total fat: 31 g
Saturated fat: 6 g
Carbohydrate: 10 g
Sugars: 5 g
Recent Comments