CHICKEN STUFFED WITH GINGER SAUCE

၂ ယောက်စာ

ပါဝင်ပစ္စည်းများ

  • – ကြက်ရင်ပုံ ၂ ခု
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
  • လှီးထားသော တရုတ်မှို ၁/၂ ခွက်
  • မုန်လာဥနီ ၁/၂ ခွက်
  • ပဲပင်ပေါက် ၁ ခွက်စာ
  • ကြက်သွန်မြိတ် ၃ ဇွန်းစာ
  • ကြက်သွန် – ၂ ဇွန်စာ
  • ပင်လယ်စာဆော့ ၁ ဇွန်း
  • ဟင်းရွက်ဆီ ၁ ဇွန်း
  • ရေ
  • Equal Gold Zero Calorie Sweetener ၁ချောင်း

ဂျင်းဆော့အတွက်

  • လှီးထားသော ဂျင်း ၅-၆ ခု
  • Equal Gold Zero Calorie Sweetener ၃ချောင်း
  • အရသာသွင်းဆော့ ၃ ဇွန်း
  • ရေ ၁/၂ ခွက်
  • ဂျုံ ၁ ဇွန်း

ပြင်ဆင်ထားခြင်း

  1. ကြက်ရင်ပုံများကို ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့်နယ်ပြီး ၅-၁၀မိနစ် နှပ်ထားပါ။
  2. ဆီကို အပူပေးပြီး မှိုနှင့် ဟင်းသီးဟင်းရွက်တို့ဖြင့် ကြော်ပါ။ ပင်လယ်ဆော့နှင့် Equal Gold Zero Calorie Sweetener ကို ထည့်မွှေပြီး အအေးခံထားပါ။
  3. ရင်ပုံတစ်ခုစီကို အစာသွပ်ထားပါ။ ထို့နောက် သွားကြားထိုးတံ သို့ ကြိုးဖြင့် ပြန်စီးပါ။
  4. ဒယ်အိုးတွင် ကြက်ရင်ပုံကို ကင်ပါ။ အဖုံးဖြင့် ဖုံးပြိး ၁၀-၁၅မိနစ်အထိ အပူပေးထားပါ။
  5. ဒယ်အိုးကို အပူပေးပါ။ ထိုနောက် ဂျင်း၊ အရသာသွင်းဆော့၊ ရေ၊ ဂျုံ၊ Equal Gold Zero Calorie Sweetener တို့ကို အရည်ပစ်သည့်အထိ ကျိုပါ။
  6. ကြက်ရင်ပုံပေါ်သို့ ထိုအရည်ကို ဆမ်းပြီး သုံးဆောင်နိုင်ပါသည်။

၂ ယောက်စာ

 

Nutrition Information (per serving)

2 servings
Cooking time: 25 mins
Calories: 350 kcal / 1 serving